တာလေမြို့၌ ကျေးလက်နေပြည်သူများ ဒေသထွက်သဘာဝဝါးမျှစ်များ ဈေးကောင်းရောင်းချရ၍ မိသားစုဝင်ငွေရရှိ

တာလေ        ဩဂုတ်        ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ဒေသထွက်ရာသီစာဖြစ်သည့် သဘာဝဝါးမျှစ်များ လူကြိုက် များ၍ ရောင်းအားသွက်ပြီး မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ဒေသထွက် ရာသီစာ သဘာဝဝါးမျှစ်များကို နားယောင်းကျေးရွာအုပ်စုအတွင်းရှိ တောင်သုံးလုံး ကျေးရွာနှင့် ၃ မိုင်ခန့်ရှိသော တောထဲမှ သွားရောက် ရှာဖွေရပြီး လမ်းသွားလမ်းလာ ခရီးသွား များနှင့် ဖောက်သည်ဝယ်ယူသူ များသို့ တစ်ဖူးကို ကျပ် ၁၀၀၀၊ သုံးဖူးကို ကျပ် ၂၅၀၀ အထိ ဝါးမျှစ်များ လူကြိုက်များ၍ ရောင်းအားသွက်ပြီး ဈေးကောင်းရောင်းချရကြောင်း တောင်သုံးလုံး ကျေးရွာ ရှိ ဝါးမျှစ်များ ရှာဖွေရောင်းချသူ ဒေသခံတစ်ဦးထံမှ သိရသည်။

အဆိုပါ တာလေမြို့ ဒေသတွင်းထွက်ရှိသော ရာသီစာ သဘာဝဝါးမျှစ်များကို ယခင်နှစ်များက တာချီလိတ်မြို့သို့ တင်ပို့ရောင်းချခဲ့ပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွား နေသည့်ကာလအတွင်း လမ်းပန်းဆက်သွယ် ရေး ကန့်သတ်ခြင်းများ ရှိခြင်းကြောင့် တာချီလိတ်မြို့သို့ တင်ပို့ရောင်းချနိုင်ခြင်း မရှိသော်လည်း လမ်းသွား လမ်းလာ ခရီးသွားများနှင့် ဖောက်သည်ဝယ်ယူသူများအကြိုက်များ၍ ရောင်းအားသွက်လျက်ရှိရာ ဈေးကောင်း ရောင်းချရပြီး ရာသီစာ သဘာဝဝါးမျှစ် ရှာဖွေရောင်းချသူ ကျေးလက်နေပြည်သူများ ဈေးကောင်း ရောင်းချ ရသဖြင့် မိသား စု ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)