ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးပိုစတာ စိုက်ထူ

မိုးမောက်  မတ်  ၃၀

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ မြို့မစျေးရှေ့တွင် ယနေ့  နံနက် (၇)နာရီ အချိန်၌ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မေသင်း ဦးဆောင်၍ COVID-19 ကာကွယ် ရေး နည်းလမ်းများ အသိပညာပေးပိုစတာ စိုက်ထူခြင်းနှင့် လက်ဆေးခြင်း သရုပ်ပြ ဆောင်ရွက် ခဲ့ကြောင်း သိရှိ ရပါသည်။

အလားတူ ကျောက်စခန်း ပူးပေါင်း စစ်ဆေးရေး ဂိတ်ရှေ့တွင်လည်း COVID-19 ကာကွယ်ရေး နည်းလမ်းများ အသိပညာပေး ပိုစတာ စိုက်ထူခဲ့ကြောင်းသိရှိရပါသည်။

လွန်းနန်းထွေး​