ပုဗ္ဗသီရိ ဩဂုတ် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဝဏ္ဏဒီပရပ်ကွက်၊ လောကပါလဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ် ဦးစီးမှူး ဒေါ်ဇင်ဇာနိုနှင့် ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်း ဆန္ဒမဲပေး နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူ များ အား အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသော မြို့ ပေါ်ရပ်ကွက် များနှင့် ကျေးရွာများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကံချွန်(ပြန်/ဆက်)