ကြံခင်းမြို့နယ် တလိုင်းကွင်းအုပ်စု အောင်မြင်ကိုင်းကျေးရွာ တာပေါ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသော အိမ်ထောင်စု(၅)စုအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကြံခင်း   ဩဂုတ်   ၆

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် တလိုင်းကွင်းအုပ်စု အောင်မြင်ကိုင်းကျေးရွာ တာပေါင်သို့ ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စု(၅)စုအား ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့တို့က စားသောက်ကုန်(၇)မျိုးအား သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးခြင်းသည် ကြံခင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တလိုင်းကွင်းအုပ်စု အောင်မြင်ကိုင်းကျေးရွာ အနိမ့်ပိုင်းရှိ အိမ်ထောင်စု(၅)စုသည် အောင်မြင်ကိုင်းတာပေါ်တွင် ယာယီတဲထိုးပြီး ပြောင်းရွှေ့ နေထိုင်ကြကြောင်းနှင့် အဆိုပါနေထိုင်ရာသို့ ကြံခင်းမြို့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့များက သွားရောက်ကြည့်ရှုပြီး စားသောက်ကုန်(၇)မျိုးအား လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပြီး လိုအပ်သည့်များအား  ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိကြံခင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသော်လည်း ဧရာဝတီမြစ်ရေသည် ယမန်နေ့က (၇၁.၆၅) ရှိကြောင်း၊ ယနေ့တွင် ဧရာဝတီမြစ်ရေသည် (၇၁.၃၅) ရှိကြောင်း၊ စိုးရိမ်ရေအမှတ်မှာ (၇၂)ဖြစ်ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)