ကွန်ဟိန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေး ဖျန်းခြင်းဆောင်ရွက်

ကွန်ဟိန်း မတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေး ဖျန်းခြင်းအား ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်းသိရှိရ သည်။

ပိုးသတ်ဆေးဖျန်းခြင်းအား မြို့တွင်းလမ်းမများ၊ ရပ်ကွက်များ၊ အပြင်ဆိုင်ခန်းများအား ဆေးဖျန်းခြင်းများ ဆောင်ရွက်သည်။ အဆိုပါဆောင်ရွက်မှုအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့် Coronavirous Disease 2019(COVID) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ ရပ်ကွက် စာရေးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ပြည့်(ပြန်/ဆက်)