ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကွန်ဟိန်း ဩဂုတ် ၆

 ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးခြင်းနှင့် တိုက်ခြင်းလုပ်ငန်းများအား ယနေ့ နံနက် ၉ နာရီအချိန်မှ စ၍ မိခင်နှင့် ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးခြင်း၊တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အသက်နှစ်လ မှ တစ်နှစ်ခွဲအောက် ကလေးငယ်(၇၅)ဦးအား လစဉ် တစ်လခြား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။

မြို့နယ်(ပြန်/ဆက်)