မောက်မယ် သြဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊မောက်မယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဉီးစီးဌာနမှ ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Village Revolving Fund Project စီမံကိန်းဖြင့် ဆောင်ရွက်သောဒေသခံပြည်သူများအား ရန်ပုံငွေ ထုတ်ချေးပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီကမောက်မယ်မြို့နယ်၊ ဟိုနမ့် ကျေးရွာအုပ်စု ၊ ထီတခေါ့ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါရန်ပုံငွေထုတ်ချေးပေးအပ်ရာတွင်ဟိုနမ့်ကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာ(type1)တွင် စိုက်ပျိုးရေး လုပ်ကိုင်သူ (၂၃)ဦး ၊ မွေးမြူရေးလုပ်ကိုင်သူ(၇)ဦး ၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၄) ဦးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း(၁)ဦး စုစုပေါင်း(၄၅)ဦး အတွက် VRFP စီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၀၀) အား တာဝန်ရှိသူများက ဒေသခံပြည်သူများထံ အသီးသီးထုတ်ချေး ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)