နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

 

နမ္မတူ    ဩဂုတ် ၆

ကိုဇော်ခေတ္တနှင့် စေတနာရှင်များမှ နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး  ထောက် အကူပြု ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ သည်။

အဆိုပါ ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းပေးအပ်ရာတွင် ကိုဇော်ခေတ္တနှင့် စေတနာရှင်များကိုယ်စား မေတ္တာရှင်နာရေး လူမှုကူညီရေးအသင်းမှ တာဝန်ခံ ဦးကျော်မျိုးထွဋ်နှင့် အဖွဲ့မှ အမှတ် (၁)၊ (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဘော်တွင်း ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ တစ်ကျောင်းလျှင် PPE ဝတ်စုံ (၅) စုံနှုန်းဖြင့် စုစုပေါင်း (၁၅) စုံ အားလည်းကောင်း၊ မေတ္တာရှင်နာရေး လူမှုကူညီရေးအသင်းအတွက် PPE ဝတ်စုံ (၂)စုံ၊ လက်အိတ် (၂၀၀)ခုအားလည်းကောင်း၊ ကိုဇော်ထူးအောင်နှင့် လူငယ်များအဖွဲ့အတွက် နှာခေါင်းစည်း (၅၀) ခုနှင့် လက်အိတ် (၁၀၀) ခုအားလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးအတွက် နှာခေါင်းစည်း (၁၀၀)ခုတို့အား အသီးသီး လက်ဝယ်အရောက် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

လူမော် (ပြန်/ဆက်)