ကျောက်မဲမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ကျောက်မဲ     ဩဂုတ်  ၆  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက  ကလေးသူငယ်များသည် နိုင်ငံတော်၏ အဓိကကျသည့် လူစွမ်းအား အရင်းအမြစ်များ၊ ရတနာများ ပင်ဖြစ်ပါကြောင်း သို့ဖြစ်သောကြောင့် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံးဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က ကလေးသူငယ်များအတွက် ၎င်းတို့ဌာနမှ ဆောင်ရွက်ပေးနေမှုများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အသိပညာပေးလုပ်ငန်းများ၊ ကလေး သူငယ်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။  ယင်းနောက် အစည်းအဝေး တက်လာသည့် ကော်မတီဝင်များမှ အသီးသီး ပြန်လည်ဆွေးနွေးခဲ့သည်။

ကျောက်မဲမြို့တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါလမှ ဇွန်လအထိ အသက် ၁၈ နှစ်အောက် ကလေးသူငယ်ပြစ်မှုများဖြစ်သည့်  ခိုးမှု ၂ မှု၊ လူကုန်ကူးမှု ၁ မှု ၊ မူးယစ်မှု ၃ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)