မိုင်းခတ် သြဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံ ဖြန့်ဝေပြီး လူစည်ကားရာ နေရာများတွင် ပိုစတာများ ကပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြကြောင်းသိရသည်။
အဆိုပါလက်ကမ်းစာစောင်နှင့်ပိုစတာများ တွင်၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲဆန္ဒရှင်စာရင်း တွင် သင့်အမည် ပါဝင်ပါသလား၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်ပါကဆောင်ရွက်ရ မည့်အချက်များနှင့် မပါဝင်သင့်သူပါဝင်နေပါ က ပယ်ဖျက်ရန် ဆောင်ရွက်ရမည့် အချက်များနှင့် အစရှိသည်တို့ကို ထည့်သွင်းဖော်ပြထားကြာင်း သိရသည်။
အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ပိုစတာများကပ်ခြင်းတို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးဝင်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စျေးရောင်းချသူများ၊ စျေးဝယ်သူများနှင့် စားသောက်ဆိုင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မိုးဒေ (ပြန်/ဆက်)