ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် အာဖရိကအပြင်းဖျားဝက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်စေရေး စစ်ဆေးဆောင်ရွက်

ဘုရားသုံးဆူ  ဩဂုတ် ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် နေထိုင်သည့်ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်စွာဝယ်ယူစားသုံးနိုင်စေရေးအတွက် မြို့မ စျေးအတွင်း၌ အသားငါးစစ်ဆေးမှုများအား ယမန်နေ့နံနက် (၇) နာရီအချိန်တွင် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်မိုး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာသိန်းမော်ဝင်း၊ စည်ပင်ဦးစီးမှူး ဦးပိုင်နိုင်ဦး၊ ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်စောယုမာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများဖြင့် အေးခဲအသားများ သက်တမ်းလွန်ခြင်းရှိ၊ မရှိ၊ ငါးများသန့်ရှင်းလက်ဆတ်မှု ရှိ၊ မရှိ၊ အာဖရိကအပြင်းဖျားဝက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရောင်းချနေသော ဝက်သားများအား ရောဂါပိုး ရှိ၊ မရှိစစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။

အောင်သူဟိန်း(ဘုရားသုံးဆူ - ပြန်/ဆက်)