ဘားအံခရိုင်၊ ပိုင်ကျုံတံတား အကြီးစားပြင်ဆင်မှုလုပ်ငန်းများ (၈၀) ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ   ဩဂုတ်  ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ သွားလာရေးပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် မြို့ချောင်းကူးတံတားကြီးအား အကြီးစား ပြင်ဆင်မှုလုပ်ငန်းများကို  ဇွန်လ (၂၄) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုဩဂုတ်လ (၆) ရက်နေ့တွင် (၈၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တံတားကြီးပြင်ဆင်မှုလုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်လျက်ရှိသော ဦးရဲမြင့်ထွန်းထံမှ သိရသည်။

အဆိုပါချောင်းကူးတံတားသည် ပိုင်ကျုံမြို့ အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်ကို ဆက်သွယ်ထားလျက်ရှိရာ  အရှည် (၁၁၈၄ ဒသမ ၆) ပေရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ်သန်း (၅၀၀) ဖြင့် သံပြားကြမ်းခင်းလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယင်းတံတားကို တံတားအထူးအဖွဲ့ အမှတ် (၁၄) မှ ဦးရဲမြင့်ထွန်း မြို့ပြအငယ်တန်းအင်ဂျင်နီယာ (၂) က ကြီးကြပ်တာ၀န်ယူဆောင်ရွက်ခဲ့ပြီး ပိုင်ကျုံချောင်းကူးတံတားကြီးအား လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း နေ့လယ် ၁ နာရီခွဲအချိန်မှ ည ၁၀ နာရီခွဲအချိန်အထိ ခေတ္တယာယီပိတ်ထား ကြောင်း သိရသည်။

စောpဖိုး (ပြန်/ဆက်)