ကျောက်ပန်းတောင်း ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပရဟိတလူငယ်အဖွဲ့များပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်းကို ဩဂုတ် (၆) ရက်နေ့ နံနက် (၉) နာရီက မြို့မစည်ပင် သာယာဈေးကြီး လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် COVID-19 Volunteer Group (Kyaukpadaung) အဖွဲ့မှလူငယ်များ ပူးပေါင်းပါဝင်၍ မဲစာရင်းများ သွားရောက်ကြည့်ရှုကြရန်လှုံ့ဆော်ခြင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်းတို့ကို မြို့မစည်ပင်သာယာဈေးကြီး လူစည်ကားရာနေရာများနှင့် ဈေးကား ဆိုက်ရောက်ရာ ကားဂိတ်များတွင်ဖြန့်ဝေပေးခဲ့ကြ၍ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရပြီး၊ ပိုစတာကြီးများကိုလည်း လူမြင်သာသည့်နေရာများတွင် ချိတ်ဆွဲပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)