ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားဝန်ထမ်းများအတွက် ဖေဖော်ဝါရီလ ပင်စင်လစာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်၌ အငြိမ်းစားဝန်ထမ်း ၇၀ ကျော်ခန့်ရှိပြီး ယမန်နေ့က ပင်စင်လစာ လာထုတ်သူ ၁၂ ဦးရှိကြောင်း၊ ယနေ့ တွင် ပင်စင်လစာများ လာရောက်ထုတ်တဲ့သူများရှိကြောင်း၊ တစ်နေ့တည်း ပင်စင်လစာငွေများကို စုပြုံထုတ် ပေးခြင်းမဟုတ်ကြောင်း၊ အငြိမ်းစားဝန်ထမ်းများ အဆင်ပြေစေရေးအတွက် အစိုးရဘဏ်ဖွင့်တဲ့ နေ့ရက်များလည်း လာရောက်ထုတ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်မာလာအေးက ပြောကြားခဲ့သည်။
ညောင်ကုန်းရပ်ကွက်မှ အငြိမ်းစားဝန်ထမ်း အဘိုးအိုတစ်ဦးက “အဘတို့က အသက်လည်းကြီးလာပြီလေ၊ အရင်တုန်း က ရန်ကုန်ဘက်ကို သွားထုတ်ရတာ အရမ်းပင်ပန်းခဲ့တာပေါ့၊ ခုတော့ ကိုယ့်မြို့နယ်မှာပဲ လာထုတ်ရတော့ အဆင်ပြေ သွားလို့ ဝမ်းသာရတယ်” ဟုပြောသည်။
ပင်စင်လစာများ လာရောက်ထုတ်ယူသူများအနေဖြင့် ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ သက်ရွယ်ကြီးသူများအား ကူညီဆောင်ရွက်ပေးခြင်းနှင့် ပင်စင်လစာများ ထုတ်ယူရာတွင်လည်း စနစ်တကျဖြစ်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးကြောင်း မြင်တွေ့ရသည်။
နိုင်လင်းကျော်