အိမ်မဲ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဆေးဘူး သုံးစွဲနည်း အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြရှင်းလင်းပေးခဲ့ပြီး မြို့မစျေးကြီးရှိရေစက်မှ ရေထွက်ကို သရုပ်ပြခဲ့သည်။ ဆက်လက်ပြီးတာဝန်ရှိသူများက မြို့မစျေးကြီးအတွင်းမှ ဆိုင်သုံးမီတာများ မီးဘေးလုံခြုံရေးရှိ၊မရှိကိုစစ်ဆေးခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ်မြို့မစျေးကြီးတွင် ဆိုင်ခန်းပေါင်း ၄၆၅ ခန်းရှိပြီး မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေဖြင့်အပါတ်စဥ်တာဝန်ရှိသူများကကြပ်မတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)