မိုင်းရယ်မြို့နယ်တွင် ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

မိုင်းရယ် ဖေဖော်ဝါရီ ၂၃ နိုင်ငံတစ်ဝှမ်းရှိ(အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအတွက် ပင်စင်လစာကို ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ထုတ်ပေးလျက်ရှိရာ မိုင်းရယ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိသည်။ မိုင်းရယ်မြို့နယ်တွင် ပင်စင်စားဦးရေ ၂၀၀ ကျော်ရှိပြီး စတင်ထုတ်ပေးသည့်ရက်တွင် ၁၅၃ ဦး၊ ယနေ့တွင် ၃၂ ဦး စုစုပေါင်း ၁၈၅ ဦးကို ထုတ်ပေးပြီးဖြစ်ကြောင်း မိုင်းရယ်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။ အမြို့မြို့အနယ်နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားပြည်သူများ တည်ငြိမ်အေးချမ်းစွာ ထုတ်ယူနိုင်ရန် အတွက် လုံခြုံရေးအစောင့်အကြပ်များ ချထားပေးလျက်ရှိသည်။ မိုင်းရယ်(ပြန်/ဆက်)