အိမ်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်း(၁၆၀၀)ကျော်အား ပင်စင်လစာငွေများ ထုတ်ပေး

အိမ်မဲ ဖေဖော်ဝါရီ ၂၄ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာငွေများကို Covid-19 ရောဂါ စည်းကမ်းချက် များနှင့်အညီဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်ထုတ်ပေး လျက်ရှိရာယနေ့အထိ အငြိမ်းစား ဝန်ထမ်း(၁၆၀၀)ကို အဆင်ပြေလွယ်ကူစွာ ထုတ်ပေးလျက် ရှိကြောင်းသိရသည်။ အိမ်မဲမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း(၁၆၀၀)ကျော်ရှိပြီး အငြိမ်းစား ပင်စင်လစာငွေများကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ဖေဖော်ဝါရီလကုန်အထိအဆင်ပြေလွယ်ကူအောင်စီစဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။ ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)