ဆီဆိုင်၌ မြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာစစ်ဆေး

ဆီဆိုင် ဖေဖော်ဝါရီ ၂၅ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မြေငှားဂရန်လျှောက်ထားလာသည့် မြေနေရာများအား မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။ ကွင်းဆင်းတိုင်းတာရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးဘဆန်းလှ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုဦးတို့က စက်မှု၊ စီးပွားမြေငှားဂရန်နှင့် လူနေအိမ်မြေငှားဂရန် လျှောက်ထားလာမှုမြေနေရာများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးရာ ဧရိယာအကျယ်အဝန်း၊ မြေအမျိုးအစား၊ အမှုတွဲစုံလင်မှု ရှိ/မရှိ၊ အရှုပ်အရှင်း ရှိ/မရှိ၊ လမ်းနှင့်အိမ် လွတ်/မလွတ် စသည်များကို ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။ ခွန်ရဲထွေး(ဆီဆိုင်)