ဆီဆိုင်၌ နွေရာသီရေရှားပါးကျေးရွာအား သောက်သုံးရေများ ကြိုတင်ဖြည့်ဆည်းပေး

ဆီဆိုင် ဖေဖော်ဝါရီ ၂၅ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ထီဟန်ထိုးကျေးရွာရှိ အိမ်ခြေ(၃၅)၊ လူဦးရေ(၁၈၀)ဦးခန့်အတွက် နွေရာသီတွင် သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် သောက်သုံးရေများ ကြိုတင်ဖြည့်တင်း ပေးခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် သွားရောက်ဖြည့်ပေးခဲ့ကြောင်း သိရသည်။ သောက်သုံးရေများ ကြိုတင်ဖြည့်တင်းပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဂါလန် ၁၀၀၀ ဆံ့ ရေသယ်ယာဉ်တစ်စီးဖြင့် ထီဟန်ထိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ အုတ်ရေလှောင်ကန်ထဲသို့ စနစ်တကျ ထည့်ပေးခဲ့ကြောင်း သိရသည်။ ခွန်ရဲထွေး(ဆီဆိုင်)