ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်သို့ သွားရောက်ဖူးမြော်ကြည်ညို

ပဲခူး ဧပြီ

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် နှစ်သစ်ကူး အတာသင်္ကြန် အတက်နေ့ ယမန်နေ့ နံနက် နာရီအချိန်က ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညို၍ စေတီတော်မြတ်ကြီး ရင်ပြင်တော် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်တန်ဆောင်းအတွင်းရှိ ဗုဒ္ဓမြတ်စွာဘုရားများကို ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်းများ ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားများအား ရွှေသင်္ကန်းများ ဆပ်ကပ်လှူဒါန်း ကုသိုလ်ယူခဲ့ကြသည်။

ထို့နောက် မြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာ တစ်ရပ်နှင့်အညီ ရွှေမော်ဓောစေတီတော်မြတ်ကြီးရှိ စေတီပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ရင်ပြင်တော်အတွင်း သန့်ရှင်းရေး ဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက သန့်ရှင်းရေးဆောင်ရွက်မှုများ ကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)