ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဟာသင်္ကြန်အတတ်နေ့တွင် စတုဒီသာကျွေးမွေးသူများပြား

ဒဂုံတောင် ဧပြီ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် မဟာသင်္ကြန် အတတ်နေ့တွင် မိမိတို့၏နေအိမ်အတွင်း သီတင်းသီလ ဆောက်တည်ကြသူများနှင့် စတုဒီသာ ကျွေးမွေးသူများပြားကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ မိဘပြည်သူများမှ မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းမှ စတင်၍ မုန်လုံးရေပေါ် စတုဒီသာများ၊ ထမင်းနှင့်ဟင်းများကို စုပေါင်းချက်ပြုတ်၍ ရပ်ကွက်အတွင်း ကျွေးမွေးခြင်းများ၊ နေ့ခင်းပိုင်းအချိန်များတွင်လည်း စတုဒီသာ သာကူနှင့် မုန့်လက်ဆောင်းများ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင်ကို ရုပ်မြင်သံကြား အစီအစဉ်များမှ ထုတ်လွင့်သော သီလပေး တရားတော်များအား အာရုံပြု၍ သီတင်းသီလ ဆောက်တည်ကြသူများလည်းရှိကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်(ပြန်/ဆက်)