ပခုက္ကူ ဧပြီ ၁၇
မြန်မာနှစ်သစ်ကူးကာလ မဟာသင်္ကြန်အတက်နေ့ ယမန်နေ့က ပခုက္ကူမြို့ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင် မြတ်စွာ ဘုရားကြီး၌ ဘုရားဖူးသူများ၊ ပန်း၊ ရေချမ်းကပ်လှူသူများနှင့် ဘုရားကြီးဝန်းအတွင်းရှိ ဘုရားများ၌ ရေသပ္ပာယ်သူများဖြင့် စည်ကားလျက်ရှိသည်။
သီဟိုဠ်ရှင် မြတ်စွာဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်ရန် နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးလျက်ရှိပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ဆွမ်းသပိတ်လုံး လောင်းလှူသွားမည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပကအဖွဲ့၏ ကြေညာချက်အရ သိရသည်။
ဇော်(အဝေးသင်)