မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များ၌ ရေနံချောင်းမြို့ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ငြိမ်းချမ်းစွာ ရေကစားသူများ၊ ဥပုသ်သီလ စောင့်တည်သူများဖြင့် စည်ကားလျက်ရှိ

ရေနံချောင်း ဧပြီ

မြန်မာသက္ကရာဇ်(၁၃၈၃)ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များ၌ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ အထင်ကရ နေရာတစ်ခုဖြစ်သော သုံးဆယ့်ခြောက် ကျေးရွာရှိ ပင်းချောင်း တစ်လျှောက်၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ငြိမ်းချမ်းစွာ ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး ဘုရား၊ ကျောင်းကန်၊ ဇရပ်များတွင်လည်း ဥပုသ်သီလ စောင့်တည်သူ အများအပြားရှိကြောင်း သိရသည်။

အကြိုနေ့ကတည်းက ဒီချောင်းမှာ မိသားစုလိုက်တွေ၊ သူငယ်ချင်းအဖွဲ့တွေ ကားတွေ၊ သုံးဘီး ဆိုင်ကယ်တွေနဲ့လာပြီး ရေချိုးကြ၊ အသုပ်စုံတွေ စားကြတာရှိတယ်၊ သင်္ကြန်ကာလအတွင်း မနက် ()နာရီ အချိန်ကနေ ညနေ()နာရီ အချိန်လောက်ထိ လူစည်တယ်၊ ကျောက်ပွင့်သုပ်၊ လ္ဘက်သုပ်၊ ဂျင်းသုပ်၊ ဆေးဘဲဥသုပ်နဲ့ ဒေသထွက်ဖြစ်တဲ့ အုန်းရည် သောက်ပြီး အုန်းသီးဇွန်းခြစ်စားလို့ရတဲ့ အုန်းသီးတွေလည်း ရောင်းပါတယ်၊  မဆိုးပါဘူး ဒီချောင်းနားမှာ လာရောင်းတဲ့ ဈေးသည်တွေ အားလုံးရောင်းရပါတယ်၊ တစ်ရက်ကို သုံးသောင်းဖိုး လေးသောင်းဖိုးလောက် ရောင်းရတာပေါ့’’ဟု ပင်းချောင်းနံဘေးတွင် ဈေးရောင်းသူ သုံးဆယ့်ခြောက်ကျေးရွာ မှ ဒေသခံတစ်ဦး က ပြောသည်။

မဟာသင်္ကြန်ကာလအတွင်း ရေနံချောင်းမြို့ရှိ သက်ကြီးရွယ်အိုများနှင့် လူငယ်လူရွယ် အများစုသည် ဘုရား၊ ကျောင်းကန်၊ ဇရပ်များတွင် ကုသုလ်ကောင်းမှုပြုခြင်း၊ သီလစောင့်တည်ခြင်းနှင့် ရဟန်းခံရှင်ပြုသူ အများအပြား ရှိကြောင်း သိရသည်။

ရေနံ့သာ