ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် သီဟလမ်းနှင့် အနော်ရထာလမ်းဒေါ့င် CB ဘဏ်၌ အကြမ်းဖက်မှုဖြစ်ပွား

ပန်းတနော်  သြဂုတ်  ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊  ပန်းတနော်မြို့အလယ်ပိုင်းရပ်ကွက် သီဟလမ်းနှင့် အနော်ရထာလမ်းဒေါင့် CBဘဏ်အတွင်းသို့  ယနေ့နံနက် ၁၀ နာရီခွဲ အချိန်ခန့်က  မိုးကာအင်္ကျီ အဖြူ လက်အိတ်အမဲကို ဝတ်ဆင်လာပြီး နှာခေါင်စည်း(Mask) တပ်ဆင်လာသူ လူလတ်ပိုင်းအရွယ် လူတစ်ဦးသည် သေနတ်အတိုတစ်လက် ကိုင်ဆောင်၍ ဘဏ်မှဝန်ထမ်းများအား ခြိမ်းခြောက်ပြီး  ငွေကျပ်သိန်း (၁၀၀) ကျော်ခန့်အား လုယူထွက်ပြေးသွားကြောင်း ကနဦးသတင်းအရ သိရှိရသည်။

 အေးချမ်းအောင်(ပြန်/ဆက်)