မက်မန်း ဩဂုတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန် (၁)ဦးကို ယမန်နေ့ နံနက်ပိုင်းက မက်မန်းမြို့နယ် မင်းရန်အောင်ခန်းမ Facility Quarantine Center ၌ အသွားအလာကန့်သတ်ကာလ ၂၁ ရက် စောင့်ကြပ်ကြည့်ရှုထားရှိကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် ပြည်ပမှပြန်လာသူများကို အသွားအလာကန့်သတ်ကာလ ၂၁ ရက် စောင့်ကြပ် ကြည့်ရှုထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီဝင်များက ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ (၁၂-၈-၂၀၂၀) ရက်နေ့တွင် ကျန်းမာရေးစစ်ဆေးချက်ဆိုင်ရာ နှာခေါင်တို့ဖတ်များနှင့်အာခေါင် တို့ဖတ်များကို အမျိုးသားဓါတ်ခွဲဌာန(ရန်ကုန်)သို့ ပေးပို့ဆေးစစ် သွားမည်ဖြစ်ပြီး အသွားအလာ ကန့်သတ်ကာလ ၂၁ ရက်နေ့ ရက်ပြည့်မြောက်ပါက ရောဂါပိုး မတွေ့ရှိကြောင်း အဖြေရရှိပါက နေအိမ်သို့ ပြန်ခွင့်ပြုကာ Home Quarantine ခုနစ်ရက် ဆက်လက် စောင့်ကြပ်ကြည့်ရှုသွားမည် ဖြစ်ကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)