ခရမ်း ဩဂုတ် ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အုန်းပင်စုကျေးရွာတွင် ဆောင်ရွက်မည့် ကျေးလက်ဒေသ မီးလင်းရေးနှင့် ကျေးရွာ ဆက်သွယ်ရေး လမ်းဖောက်လုပ်နိုင်ရေးအတွက် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေ့လယ် က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ်၊ ခရမ်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးစည်၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိအိထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး ကျေးရွာဘုန်း တော်ကြီးကျောင်းဓမ္မာရုံတွင် အုန်းပင်တဲစုနေ ပြည်သူများနှင့်တွေဆုံ၍ ဌာန များမှ ဆောင်ရွက်ပေးမည့် အခြေအနေနှင့် ရပ်ရွာနေပြည်သူများ ပူးပေါင်းပါဝင်ရမည့် လုပ်ငန်းများအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ကိုမင်း(ခရမ်း )