ဆီဘောက်ဆာကား အရှိန်လွန်ပြီး ကျောက်မဲမြို့အဝင်မုခ်ဦးအား ဝင်ရောက်တိုက်မှုဖြစ်ပွား

ကျောက်မဲ ဧပြီ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယမန်နေ့  နံနက် ၁၁ နာရီ အချိန်ခန့်က လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့်  ဆီဘောက်ဆာကားတစ်စီးမှ အရှိန်လွန်ကာ မြို့အဝင်မု‌ခ်ဦးအား ဝင်ရောက်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီဘောက်ကားကြီးသည် ကျောက်မဲမြို့အဝင် လမ်းဆုံနေရာအရောက်တွင် လမ်းမတစ်ဘက်ခြမ်းမှ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား တိမ်းရှောင်ရင်း အရှိန်လွန်ကာ မုခ်ဦးကို ဝင်ရောက်တိုက်မိခြင်းဖြစ်‌ကြောင်း၊ ကားတိုက်မှုကြောင့် မုခ်ဦးတိုင်တစ်ခြမ်း ပဲ့ထွက်ပျက်စီးမှုဖြစ်ပွားခဲ့‌သည့်အပြင် ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးကိုလည်း ထိခိုက်မိပြီး ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် ပြင်ဦးလွင်သို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)