ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ပတ်သက်၍ မြို့နယ်အဆင့် ကော်မတီဝင်များမှ ကြပ်မတ်စစ်ဆေး

ရပ်စောက် မတ် ၃ဝ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး မြို့နယ်အဆင့် ကော်မတီဝင်များမှ ကြပ်မတ်စစ်‌ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် ဌာနဆိုင်ရာ များမှ မြို့မ ဈေးကြီးတွင် ရောဂါကာကွယ်ရေး ဆောင်ရွက်ထားရှိခြင်းများကို စစ်ဆေးကြပြီး ပိုးသတ်ဆေးဖျန်းခြင်း၊ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ပြည်သူ့ဆေးရုံနှင့် အထက (ရပ်စောက်)တို့တွင် ပြည်ပမှ ပြန်လည် ရောက်ရှိသူများအား quaratine ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးခြင်း၊ မြို့ဝင်တွင် စောင့်ကြည့် စစ်ဆေးခြင်း၊ အထက(ပင်ဖြစ်)တွင် quaratine ဆောင်ရွက်ထားရှိမှု၊ ပင်ဖြစ်တိုက်နယ်ဆေးရုံတွင် ကြိုတင် ပြင်ဆင် ထားရှိမှုများအား စစ်ဆေးဆောင်ရွက်ကြကြောင်းသိရသည်။

ဇော်ဝင်းလှိုင်(ရပ်စောက်)