မရမ်းကုန်း သြဂုတ် ၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အိမ်တွင်းမှုလုပ်ငန်း ဖြစ်သော အမျိုးသမီးသုံး လက်ကိုင်အိတ်ထိုးနည်းသင်တန်းအား Online စနစ်ဖြင့် မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ယဉ်ယဉ်မော်က သင်ကြားပေးခဲ့သည်။
အဆိုပါ လက်ကိုင်အိတ်တစ်အိတ် ဖြစ်ပေါ်လာစေရန်အတွက် တိုင် ၇ ပင်၊ တိုင်ခင်း ၁၅ ပင်၊ ဘေးပတ် ၁၃ ပင်၊ အနားသတ် ၂ ပင်၊ အနားချုပ် ၂ ပင်၊ ကြယ်သီး ၁ ပင်၊ ကြယ်သီးကွင်း ၂ ပင်၊ အဖုံး ၉ ပင်နှင့် ကိုင်း ၂ ပင် ပါဝင်ပြီး လက်ကိုင်အိတ်ထိုးနည်းအား အဆင့်ဆင့် ပုံဖော်ပြသခဲ့မှု များအား မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် page တွင် ပြသခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)