ကျိုက်ဒုံ မတ် ၃၀
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့ နံနက် ၁၀ နာရီက ကျိုက်ဒုံမြို့ မှ အလှူရှင်(ဦးပြည့်ဖြိုးဦးနှင့် ဒေါ်နွေးနွေးစိုး) တို့က မြို့အုပ်ချုပ် ရေးမှူးရုံးတွင် လာရောက်၍(COVID-19) ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါကြိုတင် ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ဟန်းဂျယ်(၃၀)ဘူး၊ လက်ဆေးဆပ်ပြာ(၂၀)ထုပ်၊ နှာခေါင်း စည်း (၁)ဖာ၊ ကြွေပြားဆေးရည်(၃)ဘူး၊ ပိုးသတ်ဆေး လျော်ဆပ်ပြားရေ(၂၀)ထုပ်၊ လာရောက်၍ လှူဒါန်းခဲ့ရာမြို့ အုပ်ချုပ်ရေးမှူး ဦးမင်းဇော်မှ လက်ခံခဲ့ပြီး ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် မတ်လ နောက်ဆုံးပတ်အတွင်း၌ ကျိုက်ဒုံမြို့ ပေါ်များတွင် နေထိုင်ကြသည့် စေတနာရှင်၊ အလှူရှင်များက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ထံ တွင်(COVID-19) ကူးစက်မြန် ရောဂါများ စစ်ဆေးရာတွင် အသုံးပြုသော(IR Thermometer ) ၅ ခု၊ ဆေးဖျန်းပုံး(၄)ပုံး၊ လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန်(ငါးသိန်းလေးသောင်း) ကျပ် တိတိ၊ ကာကွယ်ရေး ဝတ်စုံ (၁)စုံ လာရောက် လှူဒါန်းခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်မှ လက်ခံခဲ့ပြီး ကျိုက်ဒုံမြို့ ကျန်းမာရေး ဌာနသို့ လွဲပြောင်း ပေးအပ်ခဲ့သည်။
ယခု အချိန်အခါတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ပြီး တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦး၊ ကျေးလက် ကျန်းမာ ရေးမှူး ဦးမိုးမြင့်ဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် ကျန်းမာရေး ဆိုင်ရာလိုက်နာရမည့် စည်းကမ်း ချက်များ အား ကြေညာပေးခြင်း၊ ရပ်ကွက်/ကျေးရွာများတွင် အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူး ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သံသယလူနာများ တွေ့ရှိပါက စောင့်ကြည့် လူနာအဖြစ် ထားရှိရန် လိုအပ် သည်များကို စီစဉ်ဆောင်ရွက် ပေးထားခြင်း စသည့် အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန် အဟုန်မြှင့်၍ ကြိုတင်ကာကွယ်မှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်