ပုသိမ်၌ ၇၅ နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု၊ စုပေါင်း သွေးလှူဒါန်း

ပုသိမ်  မေ 
၂၀၂၁ ခုနှစ်၊ မေ ၅ ရက်နေ့တွင်ကျရောက်မည် ၇၅ နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေး မှူး ဦးအောင်ဆွေဝင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များက အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ် ၄ စစ်မြေပြင်ဆေးတပ်ရင်းတွင်ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဆေးတပ်ရင်းမှတာဝန်ရှိသူများက သွေးလှူဒါန်းမည့်မီးသတ်တပ်ဖွဲ့ဝင်များကို ကျန်းမာရေး စစ်ဆေးခြင်း ၊သွေးပေါင်ချိန်တိုင်တာခြင်း၊ သွေးအုပ်စုခွဲခြင်းများ ဆောင်ရွက်ပေးကြသည်။အဆိုပါ သွေးလှူဒါန်ရာသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁ ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တပ်မတော်မှအရာရှိများ၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်းတို့ လိုက်လံကြည့်ရှုအားပေးပြီး၊ သွေးလှူဒါန်ကြသော မီးသတ်တပ်ဖွဲ့ဝင်များကို အားဆေး၊ ပေါင်မုန့်၊ကြက်ဥနှင့်ပဲနို့ စသည့် အဟာရ ဖြည့်စွက်စာများ ပေးအပ်ခဲ့ကြပြီး၊ သွေးလှူရှင် ၂၉ ဦးရှိကြောင်းသိရသည်။

သွေးလှူဒါန်းခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ၊ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူအကျိုးပြု ဆောင်ရွက်ရေး စသည့် ရည်မှန်းချက် တာဝန်များနှင်အညီဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
မောင်မောင်မြင့်