မိုင်းတုံ မေ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သီတာအောင်က ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်ကျောင်းအထောက်အကူပြုနိုင်ပြီး ဝင်ငွေများရရှိစေရန်ရည်ရွယ် ၍ဆိုင်ကယ်ပြင် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းချိန်ပျက်ကွက် မှုမရှိစေရန် ဂရုစိုက်တက်ရောက်ပြီး တတ်မြောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်မိုးသဉ္ဇာဟန်က ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေရရှိရေးအတွက် ဆိုင်ကယ်ပြင် သင်တန်းဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
အဆိုပါ ဆိုင်ကယ်ပြင်သင်တန်းသို့ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား(၂၀)ဦးအား သင်တန်း နည်းပြဆရာဦးသန်းဇော် က အခြေခံအဆင့်တတ်မြောက်သည်အထိ တစ်လတာလက်တွေ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)