ကျောက်ဆည် မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ ပြည်သူများ၊ ဌာန ဆိုင်ရာရုံးများနှင့် သာသနာ့နယ်မြေများအတွင်း စိုက်ပျိုးရန်အတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၅)သောင်း ပျိုးထောင်ထားပြီး လူထုထံသို့ အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ကြောင်းသိရှိ ရသည်။
ပျိုးပင်များ ပျိုးထောင်ထားရှိပြီး အခမဲ့ဖြန့်ဝေခြင်းများနှင့်ပတ်သတ်၍ "ကျွန်တော်တို့ ဌာနအနေနဲ့ ဒေသတွင်းစိမ်းလန်းစိုပြေရေးနဲ့ ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် ပြည်သူများ၏ နေအိမ်ခြံဝင်းများ၊ ဌာနဆိုင်ရာရုံးဝင်းအတွင်းများ၊ သာသနာ့နယ်မြေနေရာတွေမှာ စိုက်ပျိုးရန်အတွက် ကျွန်းပင် (၃၀၀၀)၊ လျှော်ဖြူပင် (၁၀၀၀)ထောင်၊ တမာပင်(၁၄၀၀၀)ထောင်၊ မယ်ဇလီပင်(၃၀၀၀)၊ မယ်ဇယ်ပင်(၇၅၀၀)၊ ရေတမာပင်(၆၀၀၀)၊ ၊စိန်ပန်းပင်(၄၀၀၀)၊ သစ်ဆိမ့်ပင်(၁၅၀၀)၊ ပင်လယ်ကဗွီပင်(၃၀၀၀)၊ ခရေပင်(၁၀၀၀)၊အာသောကပင်(၃၀၀၀)နှင့် ငုရွှေဝါပင်(၃၀၀၀)၊စုစုပေါင်း ပျိုးပင်အမျိုးအစား(၁၂)မျိုး၊ပျိုးပင်အရေအတွက်(၅)သောင်း ပျိုးထောင်ထားပြီး အခမဲ့ဖြန့်ဝေပေး သွားမည ်ဟု" မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့်လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ပြီး အခမဲ့ဖြန့်ဝေခြင်း လုပ်ငန်းများ အပြင် မြောက်ရဒါန်းချောင်းဆုံ သစ်တောကြိုဝိုင်းအတွင်းရှိ အကွက်အမှတ်(၂၁၊၂၁)၊မြေဧက (၈၀)တွင် ကျေးရွာ ထင်းစိုက်ခင်းအဖြစ် စိုက်ပျိုးရန်အတွက် ယူကလစ်ပျိုးပင်(၉၆၁၆၀)ပင်၊ ရှားပင်(၁၁၆၁၆၀)ပင် ပျိုးထောင် ထားပြီး (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာနှစ်တွင် အပြီးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးဌနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)