မြင်းခြံမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မြင်းခြံ မေ ၃ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် မော်တော်ယာဉ် မောင်းနှင် အသုံးပြုသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် အမှတ်(၉၅) ယာဉ်ထိန်းတပ်ဖွဲ့မှ အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့နံနက် ၁၀ ၉:၃၀ နာရီ အချိန်က မြင်းခြံမြို့တွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ "မော်တော်ဆိုင်ကယ် မောင်းနှင်စဉ် ဘေးကင်းလုံခြုံ စိတ်ချရသော ဆိုင်ကယ်စီး ဦးထုပ်ကိုဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်မောင်းနှင်ရေး၊ ရှေ့နောက် သတ်မှတ်နံပါတ်ပြားများ တပ်ဆင်မောင်းနှင်ရေး၊ မောင်တော်ဆိုင်ကယ်အသုံးပြုသည့်အခါ နှစ်ဦးထက်ပိုမစီးစေရေး၊ မော်တော်ဆိုင်ကယ် မောင်းနှင်စဉ် ဖုန်းမပြောရေး၊ အရက်သေစာသောက်စား မောင်နှင်ခြင်းမပြုစေရေး၊ အရှိန်ပြင်းပြင်းမမောင်းစေရေး၊ အသံဆူညံစွာ မောင်းနှင်ခြင်းမပြုစေရေး၊ ချမှတ်ထားသည့် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပြဌာန်းထားသည့် ဥပဒေများကို သိရှိအောင် ဆောင်ရွက်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို ယာဉ်အသုံးပြုသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာ စေနိုင်ရေးအတွက် ယခုလိုအသိပညာပေး လက် ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းဖြစ်ပါ တယ်"ဟု အမှတ်(၉၅) ယာဉ်ထိန်းတပ်ဖွဲ့ ရဲအုပ် မျိုးမင်းမင်းက ပြောသည်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို မြင်းခြံ မြို့ လူစည်ကားရာနေရာများတွင် အမှတ်(၉၅) ယာဉ်ထိန်းတပ်ဖွဲ့ ရဲအုပ် မျိုးမင်းမင်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့ဝင်များကလိုက်လံဝေငှခဲ့ကြောင်းသိရသည်။ ကျော်စွာ(မြင်းခြံ)