ဖလမ်းမြို့ရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု (၁၇၇)စုအား ဆန်များ အခမဲ့ ဖြန့်ဝေပေး

ဖလမ်း မတ် ၃၀

ဖလမ်းမြို့ရှိ စားဝတ်နေရေးခက်ခဲသော ပြည်သူများအား ယနေ့ နံနက်ပိုင်းမှစ၍ မိုးလုံလေလုံ အားကစားခန်းမ၌ ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင် (CRCDF) အဖွဲ့က ဆန်အခမဲ့ စတင်ဖြန့်ဝေခဲ့သည်။

ဖလမ်းမြို့ရှိ ရပ်ကွက်(၄)ရပ်ကွက်အတွင်း စားဝတ်နေရေးခက်ခဲသော ပြည်သူများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စာရင်းကောက်ပြီး အဆိုပါစာရင်းအရ (CRCDF )အဖွဲ့က ဦးဆောင်ပြီး ဆန်အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်သည်။

အဆိုပါ ဆန်အိတ်(၁၀၀)သည် ရန်ကုန်မြို့ရှိ Business Plus Travel & Tour ကုမ္ပဏီပိုင်ရှင် Andrew လာလ်လျန်ထန်းက ဖလမ်းမြို့ ပြည်သူများ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ဆန်ခက်ခဲမှုမရှိစေရေး လှူဒါန်းခြင်းဖြစ်ပြီး မြို့ပေါ်ရှိ စားဝတ်နေရေး ခက်ခဲသော အိမ်ထောင်စု(၁၇၇)စုကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျွန်(ပြန်/ဆက်)