လှိုင်းဘွဲ မတ် ၂၉
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသုံးပြုရန် PPE ဝတ်စုံနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ PPE ဝတ်စုံနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲတွင် လှိုင်းဘွဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဘေးအန္တရာယ်ကြိုတင်ကာကွယ်တားစီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်ရာတွင် လျင်မြန်လွယ်ကူစေရန်နှင့် ထိရောက်စေရန် လိုအပ်နေသော ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပေးရန်နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လှိုင်းဘွဲမြို့ မြို့မဘုန်းတော်ကြီးကျောင်း ဆရာတော် ဒေါက်တာဣန္ဒာစာရနှင့် အလှူရှင်များက PPE(၂၇၀)စုံ၊ Mask (၃၀၀)ခု၊ Hand Gel(၃)ပုံး Hand Wash (၁)ပုံး၊ ခေါင်းအုပ်(၇)စုံ၊စောင်(၇)ထည်၊ အိပ်ယာခင်း(၇)ခုနှင့် Non-content-Thermometer(၁)ခု စုစုပေါင်း တန်ဖိုးငွေ(၈,၄၁၀,၂၅ဝိ/-)ကျပ်ဖြင့် လှိုင်းဘွဲမြို့နယ် အတွင်းရှိ ပိုင်ကျုံမြို့၊ ရှမ်းရွာသစ်မြို့၊ မြိုင်ကြီးငူ၊ ရွေဂွန်းကျေးရွာရှိ ကျန်းမာရေးဦးစီးဌာနများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ခင်စန်းမြင့်(ပြန်/ဆက်)