မြဝတီ ဩဂုတ် ၇
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကျွန်းတောဈေး၊ ကြံခင်းဈေးနှင့် ဘုရင့်နောင်ဈေးတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဈေး ရောင်း၊ ဈေးဝယ်သူများအား နှာခေါင်းစည်းများကို တပ်ဆင်ပေးကြရန် hand speaker များဖြင့် အသိပညာပေးလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို မြဝတီမြို့စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်လင်းဦးနှင့်အဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ပြီး ဈေးဝယ်သူများ အနေဖြင့် ဈေးသို့လာရောက်ပါက နှာခေါင်းစည်းများ တပ်ဆင်ထားရန်၊ စနစ်တကျ လက်ဆေးရန်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ထိန်းချုပ်ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီမှ ချမှတ်ထားသည့် စည်းကမ်းချက်များကိုလည်း ဈေးရောင်း၊ ဈေးဝယ်သူများအား အသိပညာပေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)