ပန်းတနော်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးရေး ပန်းခင်းစီမံချက် ဆောင်ရွက်ပေးလျက်ရှိ

ပန်းတနော်၊ မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးရေး ပန်းခင်း စီမံချက်ကို မေလ ၃ ရက်နေ့မှ စတင်၍ ဒေသခံပြည်သူများအားဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကဒ် ထုတ်ပေးရေး ပန်းခင်းစီမံချက်ကို ပန်းတနော်မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဝန်ထမ်းများက အဖွဲ့(၁)၊ အဖွဲ့ (၂) ခွဲ၍

(၃-၅-၂၀၂၁)မှ (၃-၇-၂၀၂၂) ထိ ကျန်ရှိနေသော ပြည်သူများအား​ ရပ်ကွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ပြုလုပ်လိုသူများအနေဖြင့် ပတ်စပို့စ်ဓာတ်ပုံနှင့် သွေးစစ်လက်မှတ်များသာ ယူဆောင်လာရမည် ဖြစ်ကြောင်း ပန်းတနော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံမှသိရသည်။

မြို့နယ်(ပြန်/ ဆက်)