သရက် မေ ၁၁ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ သာယာကုန်းကျေးရွာ၊ ညောင်ရွာငယ် ကျေးရွာ၊ ပေါက်တော ကျေးရွာနှင့် ဓာတ်ကုန်းကျေးရွာ တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စု(၁၇)စု၊ ဘုန်းတော်ကြီး ကျောင်း(၁)ကျောင်းတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနက ဆန်ရိက္ခာဖိုး နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ(၁) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ(၄)ရွာမှ နေအိမ်(၁၇)လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး(၆၅၅၀၀၀/-)၊ လူဦးရေ(၁၀၄)ဦးအတွက် ဆန်(၇) ရက်စာ(၂၁၈၄၀၀/)နှင့် ဘုန်းတော်ကြီးကျောင်း ပြုပြင်ရန်အတွက် ငွေကျပ် (၅၀၀၀၀/-) တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများက လက်ခံရယူခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ဆက်လက်ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ ဇော်ဝမ်းထွန်း(အောင်လံ)