ညောင်တုန်း မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) ရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌဆရာတော်နှင့် သင်တန်းနည်းပြဆရာတော်မှ သြဝါဒကထာများကို ရွတ်ပွါးချီးမြှင့်သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူက ၀န်ထမ်းများ အနေဖြင့် မိမိကိုယ်တိုင် လူတော် လူကောင်း တစ်ယောက်ဖြစ်စေ လိုကြောင်း ဘ၀၏အကြီးမားဆုံး လိုအပ်ချက်ဖြစ်သည့် မိမိကိုယ်တိုင် ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ပြီး မြတ်ဗုဒ္ဓ၏အဆုံးအမများအား သိရှိ လိုက်နာစေလို၍ ယဉ်ကျေးလိမ္မာ သင်တန်းအား ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ လမ်းညွှန်မှု ဖြင့် သင်တန်းနည်းပြ ဆရာတော်များက သင်ကြားပြသပေးသွား မည်ဖြစ်ရာ မြို့နယ်အဆင့်ဌာဆိုင်ရာရုံးများမှ သင်တန်းသား/ သင်တန်းသူ (၃၃)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ ၁၂ ရက်မှ မေလ ၂၁ ရက်နေ့အထိဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်ဆက်)