လေပြင်းဘေးကြောင့်ပျက်စီးသွားသောအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

 

ညောင်လေးပင် မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊        ညောင်လေးပင်မြို့နယ်အတွင်းရှိ        လေပြင်းဘေးကြောင့် ပျက်စီးသွားသော  အိမ်ထောင်စုများအတွက် ယမန်နေ့က မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံးခန်းရှေ့၌ ထောက်ပံ့ ငွေများ ပေးအပ် ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းယုံး၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီး အရာရှိ ဒေါ်အိခိုင်စံနှင့် တာဝန်ရှိသူများက လေပြင်းဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စုများ အတွက် အိမ်ဆောက် ပစ္စည်းများနှင့်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှ ငွေကျပ် ၁၄၄၅၇၀၀ ကျပ်အား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး များထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ  လေပြင်းဘေးကျရောက်ခဲ့သော ကျေးရွာများသည်  (--၂၀၂၁)ရက်နေ့ မွန်းလွဲ ၂နာရီအချိန်၌ ရေဖြူကန် ကျေးရွာအုပ်စု ရေဖြူကန်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ ရဲလှကုန်းကျေးရွာများနှင့် (--၂၀၂၁)ရက်နေ့ ၇နာရီ အချိန်က ဒလဆိပ်ကျေးရွာအုပ်စု တို့တွင် လူနေအိမ် ၄လုံးပြိုကျပျက်စီးခဲ့ပြီး လူနေအိမ် ၂၉လုံးအိမ်အမိုးလန်/ တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှသိရသည်။

မြို့နယ် (ပြန်/ဆက်)