ကံမ မေ ၁၃ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး အဆောက်အ ဦးအသစ် ဆောက်လုပ်နေမှု ၈၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေး၊ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ၊ မြစိမ်း ရောင်စီမံကိန်းများအပြင် ကျေးလက်နေပြည်သူများအား တစ်ဖက်တလမ်းမှဝင်ငွေရရှိစေရန် ပန်းရံ သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ စက်ချုပ်သင်တန်း အစရှိသည့် သင်တန်းများအား ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။ အဆိုပါ ဆောက်လုပ်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအဆောက်အဦးမှာ အလျား ၆၆ ပေ၊ အနံ ၄၅ ပေနှင့်အမြင့် ၁၂ ပေ(၂၂၅၀ ကုဗပေ)ဖြင့် RC တစ်ထပ်အား တင်ဒါအောင်မြင်ခဲ့သည့် လင်းသန့်အားမာန်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။ ကျော်ဇေယျဝင်း(ကံမ)