စစ်တွေမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

စစ်တွေ မေ ၁၃ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား(ပြု) လက်မှတ် ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားတိုင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိရမည်ဟူသော ရည်မှန်းချက်ဖြင့် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စစ်တွေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း တိုင်းရင်းသား များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာအုပ်စုမှ အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၅၃၊ သင်ပုန်းတန်းကျေးရွာအုပ်စုမှ အမျိုးသား ၉၇ ဦး၊ အမျိုးသမီး ၁၃၄ ဦး၊ ခတင်ပိုက် ကျေးရွာ အုပ်စုမှ အမျိုးသား ၆၅ ဦး၊ အမျိုးသမီး ၆၆ ဦးနှင့် စစ်တွေမြို့ကသဲရပ်ကွက်မှ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂၇ ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ကာ ထုတ်ပေးခဲ့ပြီးဖြစ်သည်။ ထို့အပြင် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်မှ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စစ်တွေမြို့နယ် ကျက်တောပြင် ကျေးရွာအုပ်စုမှ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၅၅ ဦး၊ အောင်တိုင်ကျေးရွာအုပ်စုမှ အမျိုးသား ၇၂ ဦး၊ အမျိုးသမီး ၉၀ ဦး၊ ဝါဘိုကျေးရွာအုပ်စုမှ အမျိုးသား၅၂ ဦး၊ အမျိုးသမီး၅၁ ဦးနှင့် ပါဒလိတ် ကျေးရွာအုပ်စုမှ အမျိုးသား ၁၀၃ ဦးနှင့် အမျိုးသမီး ၁၀၂ ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက် ပြီးစီးဖြစ်သည်။ အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်တွေမြို့နယ် ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက်ဖြင့် ယနေ့ထိ လူဦးရေ ၁၀၈၈ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက် ထားပြီးဖြစ်ရာ ကျန်ရှိသော ရပ်ကွက်၊ ကျေးရွာအုပ်စုများကို လည်းကွင်းဆင်း ဆောင်ရွက် သွားမည်ဖြစ် ကြောင်းသိရသည်။ တင်ထွန်း(ပြန်/ဆက်)