လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ အင်းလေလံရောင်းချပွဲပြုလုပ်

လင်းခေး  မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွက် အင်းလေလံရောင်းချပွဲကို ယနေ့နံနက် ၉နာရီ က အဆိုပါ ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လေလံတင်ရောင်းချပွဲတွင် လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ရှိ နောင်ကျော့အင်းနှင့် နောင်အွမ်အင်း (၂အင်းတွဲ)အား ရောင်းချပေးခဲ့ရာ မိုးနဲမြို့နယ်၊ ကန်နောက်ကျေးရွာနေ၊ ဦးစိုင်းဆမ်လော က လေလံအောင်မြင်ရရှိခဲ့ပြီး ၄င်းလေလံရောင်းချပွဲကို ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိစုစန္ဒာထွေး၊ လွိုင်လင်ခရိုင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမြင့်နှင့် လင်းခေးခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်သက်ဆုရည်ဝင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)