ကျောက်ဖြူ မေ ၁၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေး မှူးရုံးတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်အတွင်းတွင် အခြေခံပညာအထက်တန်းကျောင်း ၂၂ ကျောင်းရှိကာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၁၁ ခုဖြင့် စစ်ဆေးခဲ့သည်။ ၎င်းစာစစ်ဌာန များတွင် ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၄၆၇ ဦးရှိပြီး အဆိုပါ စာမေးပွဲအား ဖြေဆိုအောင်မြင်ခဲ့သူ ၁၀၀၀ ဦးအနက်မှ ကျောင်းတွင်းမှ ဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၄၉၄ ဦးအား သက်ဆိုင်ရာ စာသင်ကျောင်း အသီးသီးတွင် လည်းကောင်း၊ ကျောင်းပြင်ပမှဖြေဆိုရာတွင် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၅၀၆ ဦးအား မြို့နယ်ပညာရေးမှူးရုံးတွင်လည်းကောင်း တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာများကို မေလ ၁၂ ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း