ဘားအံ မေ ၁၄
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အခြေခံကျောင်းများ ဇွန်လ(၁)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို မေလအတွင်း ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကျောင်းများ ယာယီရပ်ဆိုင်းထားရှိရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံကျောင်းများကို မေလ (၂၄)ရက်မှ(၃၁) ရက်နေ့အထိ ကျောင်းအပ်နိုင်ရေး သီတင်းပတ်အဖြစ်ကျောင်းအပ်လက်ခံသွားမည် ဖြစ်ကြောင်းနှင့်ကျောင်းအပ်နိုင်ရေး သီတင်းပတ်အဖြစ် ဘားအံမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရ္ကက်ရာတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ စာသင်ရာကျောင်းခန်းအတွင်း လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက် နေကြောင်းနှင့်ကျောင်းအပ်လက်ခံရာတွင်အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမည် မဟုတ်ကြောင်း ပညာရေးဌာနမှ သိရသည်။
အလားတူ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကူးဆက်မှု မရှိစေရေး အတွက် နှာခေါင်းစည်း(mask)၊ တို့ကို အခမဲ့ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဘားအံ(ပြန်/ဆက်)