တောင်တွင်းကြီး မေ ၁၄
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ မိုးတွင်းကာလတွင် မိုးသည်း ထန်စွာရွာ သွန်းခဲ့ ခြင်းကြောင့် ချောင်းနက်အုပ်စု ချောင်းနက် ကျေးရွာ (အရှေ့) မြေသားလမ်းမကြီးမှာ ပျက်စီး သွားသဖြင့် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များ၊ လမ်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဦးဆောင်၍ ယမန်နေ့က စုပေါင်းဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ၏လှူဒါန်းငွေများဖြင့် မြေနီကျောက် များဝယ်ယူကာ မြေသားလမ်းမကြီးကို လမ်းကော်မတီဝင်များ၊ ရွာသူ ရွာသား များက မြေသားတင်ခြင်း၊ မြေဖို့ခြင်း၊ မြေနီကျောက်များခင်းခြင်း စသည့် လမ်းကောင်းမွန်ရေးစုပေါင်းပြုပြင် ဆောင်ရွက် ကြကြောင်းနှင့် ယင်းလမ်း မကြီးမှာ အရှည် (၁၈၀၀) ပေ ၊ အကျယ် (၁၅) ပေ၊ ထု (၉)လက်မ မြေနီ ကျောက်များခင်းခြင်း၊ မြေကျင်းပေါင်း (၂၇၀) ကျင်း နှင့် လမ်းပုခုံးသားစီ ကျောက်ကြီး (၁၅) ကျင်း၊ မြေနီကျောက်စရစ်(၁၅) ကျင်း၊ စုစုပေါင်း ပြည်သူ ထည့်ဝင်ငွေ (၂၇) သိန်းကျော်ဖြင့် ကျေးရွာနေပြည်သူများမှ ထည့်ဝင် လှူဒါန်းငွေများဖြင့် ခင်းကျင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး ၊ လမ်းပန်းဆက်သွယ်ရေးတို့တွင် အခက်အခဲများ ကြုံတွေ့နေရသဖြင့် အဆိုပါလမ်းမကြီးအား စုပေါင်းပြုပြင်ကြခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ဝင်း