မင်းလှမြို့၌ နယ်လုံးဆိုင်ရာဗုဒ္ဓဘာသာယဉ် ကျေးလိမ္မာစာအောင်ဆုနှင်း သဘင်ကျင်းပ

 
အထက်မင်းလှ မေ ၁၄
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့၌ နယ်လုံးဆိုင်ရာဗုဒ္ဓဘာသာယဉ် ကျေးလိမ္မာစာ အောင်ဆုနှင်းသဘင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက မင်းတဲ ကြီး ကျေးရွာအုပ်စု၊ ကျောက်ဝပ် တောရကျောင်း၌ ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကိုတက် ရောက်လာကြ သောဧည့်ပရိတ်သတ်များက နမော တဿ ၃ ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး၊စွယ်တော်တောရ ကျောင်း ဆရာတော် ဘဒ္ဒန္တဝါယမ ထံမှငါး ပါးသီလဆောက်တည် ကာ၊ဆရာတော်မှ ဩဝါဒတရားချီးမြှင့်ပေးခဲ့သည်။
ထို့နောက်ယဉ် ကျေးလိမ္မာစာမေးပွဲဖြစ် မြောက်ရေးအကျိုးတော်ဆောင် ဦးလှသော်က ယဉ်ကျေး လိမ္မာစာမေးပွဲနှင့်ဆက်စပ်ပြီး သာသနာရေးအမြင်များ လျှောက်ထားခဲ့သည်။
ဆက်လက်၍ဆုနှင်းသဘင်ပွဲကိုကျင်းပရာ ဆရာတော်သံဃာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ကြီးကြပ်ဆရာ/ ဆရာမများကနယ်လုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲ အောင်မြင် သည့်ကျောင်းသား/ကျောင်းသူများအား အောင်လက်မှတ်နှင့် အောင်ဆု တော်ငွေများ၊ဗလာစာအုပ်များ၊ဘောပင်ဗူးများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ နယ်လုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲကို ကျေးရွာ ၁၃ ရွာမှအခြေခံ အဆင့်၊ပထမအဆင့်၊ဒုတိယအဆင့်နှင့်တတိယအဆင့်တို့တွင်စာ‌မေးပွဲ ဖြေဆိုသူ ၄၀၇ ဦးရှိပြီး၊အခြေခံအဆင့်အောင်မြင်သူ ၁၄၄ ဦး၊ပထမအဆင့် အောင်မြင်သူ ၁၁၅ ဦး၊ဒုတိယအဆင့် အောင်မြင်သူ ၈၉ ဦး၊တတိယအဆင့် အောင်မြင်သူ ၃၆ ဦး စုစုပေါင်း ၃၈၄ ဦး‌အောင်မြင်ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)