အုတ်ဖိုမြို့၌ ပြည်သူများအား နှာခေါင်းစည်းအခမဲ့ဖြန့်ဝေ

အုတ်ဖို မေ ၁၄

ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်သွားလာရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှုဖြင့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့တော်ခန်းမရှေ့တွင် ယနေ့နံနက် ၇ နာရီအချိန်က နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း ဖြန့်ဝေပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ က ပြည်သူများ အပြင်ထွက်လျှင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြစေရေး လူထုလှုပ်ရှားမှု အသွင်ဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)