ပွင့်ဖြူ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ရပ်ရွာလုံခြုံရေး၊ ပညာရေး ၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ကုန်စည် စီးဆင်းမှု နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကောင်းမွန်စေရေးအတွက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဗိုလ်ဥတ္တမ အစည်းအဝေးခန်းမတွင် မေ ၁၄ ရက် ၊ ယနေ့နံနက်၉နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်း သိန်းအောင် က ဌာနဆိုင်ရာတာဝန်ရှိသူမျာအနေဖြင့် မိမိတို့ဌာနများနှင့် ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင်လုံခြုံမှုရှိစေရေး၊
မကြာမီ အချိန်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဖြစ်၍ မြို့နယ်အတွင်းရှိ ကျောင်းများအားလုံးတည်ငြိမ်အေးချမ်းစွာ ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးပြည်သူ လူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်အချက်များ ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသည့်ပြည်သူများ နိုင်ငံသားစိစစ် ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင် ခွင့်ရရှိရေး ပန်းခင်းစီမံချက်ဖြင့်ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးမင်းပိုင်စိုး က မြို့နယ်အတွင်းအခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ရာတွင် ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးနှင့်ပတ်သက်ပြီး အလေးထားကူညီ ဆောင်ရွက်ပေးသွားရန်နှင့် ထူးခြားမှုအခြေအနေရှိပါက
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ အချိန်နဲ့ တစ်ပြေးညီ သတင်းပေးပို့သွားရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ ဌာနများမှ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများ၊ ဆက် လက် ဆောင်ရွက်သွားမည့်အကြောင်းအရာများနှင့် လုပ်ငန်းများ
ဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ပြန်လည် တင်ပြဆွေးနွေးခဲ့ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )